Print

အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း

  01-Mar-2017
Preview Image

 

တချို့လူများတွင် အရွယ်နှင့်မလိုက်အောင် နုပျိုနေတတ်သကဲ့သို့၊ တချို့တွင်မူ အရွယ်မတိုင်မီ အိုမင်းရင့်ရော်သွားတတ်ကြသည်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုမှာ ခနွာကိုယ်၏ ပီအိပ်ချ်ဓာတ်မမျှတမှုနှင့်လည်း အဓိကဆက်နွှယ်နေသည်။ နာတာရှည်အက်စစ်ဓာတ်လွန်ကဲမှု သည် အိုမင်းရင့်ရော်မှု၏ နမိတ်လက္ခဏာ ကို ဖြစ်စေနိုင်သည်။ အက်စစ်ဓာတ်လွန်ကဲမှုသည် ကလာပ်စည်းများ၏ လုပ်ငန်းများကို ယိုယွင်းစေပြီး ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် လိုအပ်သော ပရိုတင်းများတည်ဆောက်မှုကို ဟန့်တားထားသည်။ ထို့ကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရောင်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

 

အက်စစ်ဓာတ်လွန်ကဲမှုသည် အင်္ဂါအစိတ်အပိုင်းများကိုလည်း အားနည်းယိုယွင်းစေနိုင်သည်။ ထို့ကြောင့်ပင် အိုမင်းရင့်ရော်လာခြင်းဖြစ်၏။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ၌ အာရုံသိမှုနှင့် အခြားလုပ်ငန်းရပ်များကို ကောင်းစွာဆောင် ရွက် ပေးနိုင်စွမ်း မရှိကြောင်းတွေ့ရသည်။ ဦးနှောက်၏ အာရုံကြောကလာပ်စည်းများကို အက်စစ်လွန်ကဲမှုက ဆိုးကျိုးများသက်ရောက်စေသည်။ အက်စစ်လွန်ကဲမှုက ဆိုးကျိုးများသက်ရောက်စေသည်။ အက်စစ်လွန်ကဲမှု ကြာရှည်ကြုံတွေ့ရလျှင် စိတ်ပိုင်းဆရာယိုယွင်းမှုများနှင့် မှတ်ဉာဏ်ချို့တဲ့မှုတို့ ဖြစ်လာပေလိမ့်မည်။ အက်စစ်ဓာတ်လွန်ကဲမှု၏ အဓိကဆိုးကျိုးသက်ရောက်မှု တစ်ရပ်မှာ ကြွက်သားများ ဆုံးရှုံးမှုဖြစ်သည်။ ကြွက်သားများ အားအင်ယုတ်လျော့လာ မည်၊ သေးသိမ်လာ မည်ဖြစ်သည်။ အက်စစ်ဓာတ်လွန်ကဲမှုကြာရှည်လာလျှင် လူတစ်ဦးအဖို့ အရိုးပေါ်အရေတင် ပိန်လှီသွားနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးအတွက် အ့ံသြဖွယ်ရာ ပီအိပ်ချ်နှင့် အယ်လ်ကာလိုင်းရေ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18